အဲန်လူမျိုး
အဲန်လူမျိုး

အဲန်လူမျိုးများ

                                                       အဲန်လူမျိုးတို့၏အကြောင်း

ကျွန်တော်တို့အဲန်လူမျိုးတို့သည် မြန်မာနိုင်ငံရှမ်းပြည်နယ်အရှေ့ပိုင်းတွင်သာတည်ရှိနေထိုင်ကြပါသည်။ ကျန်သောနိုင်ငံခြားများမှာတည်ရှိနေထိုင်ခြင်းလုံးဝမရှိပါ။ တည်ရှိနေထိုင်နေကြသည့်နယ်ဒေသအရပ်မှာ--မိုင်းခတ်နယ်၊ ကျိုင်းတုံနယ်၊ မိုင်းဖြတ်နယ်၊ မိုင်းလွန်းနယ်တို့ဖြစ်ကြသည်။ မိုင်းခတ်နယ်မှာစုစုပေါင်း၂၂ရွာ၊ ကျိုင်းတုံနယ်မှာစုစုပေါင်း၆ရွာ၊ မိုင်းဖြတ်နယ်မှာစုစုပေါင်း၆ရွာ၊ မိုင်းလွန်းနယ်မှာစုစုပေါင်း၁ရွာ တို့နေထိုင်ကြပါသည်။ ပျှမ်းမျှလူဦးရေပေါင်း၈၄၉၀လောက်သာရှိပါသည်။ မြန်မာနိုင်ငံတော်မှအသိမှတ်ပြုမှတ်ပုံတင်အမှတ်မှာ ၈၀၈အမှတ်တို့ဖြစ်သည်။

ကျွန်တော်တို့အဲန်လူမျိုးတွေသည် တောင်ပေါ်ဒေသအရပ်သို့သာနေထိုင်ကြပါသည်။ ကျွန်တော်တို့အဲန်လူမျိုးတို့၏အစားအစာမှာ--ငှရုပ်သီးကိုဦးထိပ်ထားပြီး ထမင်းစားစားခါတိုင်းမှာငှရုပ်သီးထောင်းမပါမဖြစ်အရေးပါနေသောအရာအဖြင့်ခံယူကြပါသည်။ ငှရုပ်သီးထောင်းပါမှထမင်းစားတာအရသာမြိန်သည်ဟုဆိုကြသည်။ ထို့ကြောင့် ငှရုပ်သီးကိုအဆက်မပျက်စားသုံးနိုင်အောင် ငှရုပ်ပင်များကိုခြံတွင်းသို့များများစိုက်လေ့ရှိကြသည်။

င်းကိုမျှဝေမည်။

Your encouragement is valuable to us

Your stories help make websites like this possible.